Home » ရွက်နုပြန်ချိန်

ရွက်နုပြန်ချိန်

by Shine Bu Chay

ရွက်နုပြန်ချိန်

နောင်အေး

အိမ်လှည်းတံတစ်ချောင်းနန့်

ကောင်းကင်ကြီးကိုလှည်းကျင်း

မိုက်တွင်းနက်ပစ်လိုက်ကတ်မေ

ခြီမဦးမှာ သွီးအလူးလူး

ကြည်နူးဖို့ကောင်းမေ သေချာရေ။

ဆာမွတ်နိန်ရေရီပြင်ထဲ

ဝတ်မှုံသျှေတိကြဲချ၏

ဒါနမြောက်ပစ်လိုက်ကတ်မေ

ကဲ့ရဲ့လီပတ်စီအခါတစ်ရာ

ကိုယ့်ဖာသာ သာဓုခေါ်ကတ်ဖို့။

ဘလိတ်ဓါးပိုင်

ပါးပါးသျှေနန့်ထက်မြ

အဖြူထည်မာနတစ်ခု

ဖြစ်တည်မှုအံထဲကဆွဲထုတ်

အတောင်ပံလုပ်ဖို့ သဘောတူလာ။

ကဆုန်-တော်သလင်း

အချင်းဆက်ထားရေလူ

အပူကိုဇာကြောက်

ဒေါက်-ဒေါက် —

မိုးသောက်ပျာယ်ထောကိုယ့်လူ။

You may also like

Leave a Comment

Show/Hide Player
-
00:00
00:00
Update Required Flash plugin
-
00:00
00:00