Home » ရိုးတောင်ခြီမှာ ပြန်ဆုံကတ်

ရိုးတောင်ခြီမှာ ပြန်ဆုံကတ်

by Shine Bu Chay

ရိုးတောင်ခြီမှာ ပြန်ဆုံကတ်

စစ်တွေစောနောင်

ငါ့ရင် အဆွီးအဟောင်းဆိုရေအထဲက

ငါ့သွီး ငါ့ဘွား

ငါ့သား ငါ့သမီး

ငါ့မြီး ငါ့မြစ်

ငါ့မျိုးဆက် အသစ်အသစ်တိ

ရီကြည်ရာ မြက်နုရာဆိုစွာကို

နိစဉ်ထွက်ခွာ နိန်ကတ်တေအခါ —။

ငါ့အရီပြားကို

ထွန်သွားထက်ထက်သျှေနန့်

တစ်ချက်သျှေ ခြစ်မကြည့်ခ။

ငါ့သွီးပင်လယ်မှာ

အဏ္ဏဝါ သံဇာတ

ဇာဇာဟိလေဆိုစွာလေ့ မစူးစမ်း။

ငါ့အရိုးဒဒေါင်မာ

ရိုးတောင်ခြီတရိုးကိုလေ့

ဂျီအိုဆက်စီမိုဂရပ်နန့် မနှိုက်ချွတ်။

ငါ့ကို ကြောခိုင်း

အရိုင်းမြီးအသစ်မှာ အခိုင်းခံအောက်ခြီဘဝနန့်

ရလာရေ ဒေါ်လာအတိုအစ

ငါ့ခြီဖဝါးကသဲပွင့်နန့် မနှိုင်းသာ။

ရိုးတောင်ခြီကို ပြန်လာ

ရိုးတောင်ခြီမှာ ပြန်ဆုံ

အနာဂတ်ကို ရောင်စုံအလှခြယ်ကတ်မေ။

You may also like

Leave a Comment

Show/Hide Player
-
00:00
00:00
Update Required Flash plugin
-
00:00
00:00